Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
မေတ္တာမြို့၌ ရှောင်တခင်ဧည့်စာရင်း စစ်ဆေးလုပ်ငန်းဆောင်ရွက်
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊မေတ္တာမြို့ မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တစ်ချို့များ တွင် ယမန်နေ့ ည ၉း၀၀နာရီ အချိန်က ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းလုပ်ငန်း ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပြည်မြို့ စက်ရုံအလုပ်ရုံလုပ်သားများနှင့် စည်ပင်သာယာဈေးများမှ ဈေးရောင်းသူ များ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိ
Aug 11,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ မူယာပင်ခန်းမနှင့် အ.ထ.က(၁)ကျောင်းတို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စုကလိမြို့တွင် နည်းလမ်းတကျကာကွယ် ရေလွှမ်းမိုးမှုအန္တရာယ် အသိပညာပေး နံရံကပ် စာစောင်ပြသ
Aug 11,2021
ရေလွှမ်းမိုးမှုကြောင့် ပြည်သူများအသက်အိုးအိမ် ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်ရည်ရွယ်၍ ကရင် ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ စာကြည့်တိုက်တွင် ယနေ့နံနက် ၉ နာရီအချိန်က နည်းလမ်းတကျကာကွယ် ရေလွှမ်းမိုးမှု အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်အား ပြသဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဆတ်မြို့၌ မြို့မဈေး ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းပြုပြင် ခြင်းလုပ်ငန်းဆောင် ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Aug 11,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ မြို့မဈေး၌ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်း ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့ နံနက်(၁၁)နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ် ဆေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ယင်းမာပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသံချဲ့စက်များဖြင့် အသိပညာပေးနှိုးဆော်
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၇ နာရီ အချိန်က မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမကြီး၊ မြို့ပေါ်ရပ်ကွက်နှင့် ဈေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Aug 11,2021
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးဝန်ကြီးဌာန မှ ထုတ်ပြန်ချက်များအား သိရှိနိုင်စေရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ ည ၈ နာရီအချိန်ခန့်က မြို့ပေါ်ရပ်ကွက် နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
မတည်အလှူရှင်နှင့် စေတနာရှင်ပြည်သူများ၏ စုပေါင်းလှူဒါန်းမှုဖြင့် ငပုတောမြို့၌ အောက်ဆီ ဂျင်စက်ရုံ တည်ဆောက်လျက်ရှိ
Aug 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ပိုးတွေ့လူနာများနှင့် အခြားလူနာများ အတွက် အောက်ဆီဂျင်အပြည့်အဝ ထောက်ပံ့ပေးနိုင်ရန်အတွက် စိန်ပန်းကျောင်းပရိယတ္တိ စာသင်တိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ ဦးဆောင်၍ မတည်အလှူရှင်နှင့် စေတနာရှင်ပြည်သူ များ၏ စုပေါင်းလှူဒါန်းမှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် စိန်ပန်းကျောင်း တိုက်အတွင်း၌ အောက်ဆီဂျင်စက်ရုံတစ်ခု တည်ဆောက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကသာမြို့ရှိ ဈေးများအတွင်း၌ Mask ၊ Face Shield များ ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါ အသိပညာပေးခြင်း ဆောင်ရွက်
Aug 11,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကသာမြို့ရှိ ဈေးများ အတွင်း၌ ဈေးရောင်း/ ဈေးဝယ်ပြည်သူများအား Mask(နှာခေါင်းစည်း)၊ Face Shield များ ပေးဝေခြင်းနှင့် ကိုဗစ်-၁၉ရောဂါအသိပညာပေးခြင်းလုပ်ငန်းကို ဩဂုတ်လ(၁၁)ရက်နေ့၊ နံနက်(၈)နာရီ အချိန်ခန့်က ကသာမြို့ သီရိခေမာဈေးနှင့် မြို့မဈေးကြီးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27551
Page
27552
Page
27553
Page
27554
Current page
27555
Page
27556
Page
27557
Page
27558
Page
27559
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department