သတင်းများ

ရေဖြုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်
Aug 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့ပွားမှု မရှိစေရေးနှင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်စေရန် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးဆန်းထွန်း၏ ဦးဆောင်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်မြို့နယ်မီးသတ်ဦးစီးဌာန၊ဒုတိယဦးစီးမှူး ဦးကျော်မျိုးထွန်းနှင့် တပ်ဖွဲ့ဝင်များတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး နှိုးဆော်ခြင်းများကို ဩဂုတ်လ ၁၀ရက်နေ့ ညနေ (၅)နာရီကရေဖြူမြို့ပေါ် ရပ်ကွက်များနှင့်‌ကျေးရွာများသို့ လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
တစ်ဧကလျှင် ဆီပိဿာချိန် ၁၀၀ ကျော်ထွက်သော ပင်ထောင်မြေပဲ အထွက်နှုန်း ကောင်းသောကြောင့် စိုက်ပျိုးမှု များပြား
Aug 11,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ပေါက်ကုန်းကျေးရွာမှ တောင်သူများသည် ဆီထွက် သီးနှံများ စိုက်ပျိုးရာတွင် နေကြာ၊ နှမ်းနှင့် မြေပဲများကို အချိန်အခါအလိုက် စိုက်ပျိုးကြပြီး ယခုနှစ် တွင် အထွက်နှုန်းကောင်းသော ပင်ထောင်မြေပဲကို  စိုက်ပျိုးမှုများကြောင်း ပေါက်ကုန်းကျေးရွာ ပင်ထောင်မြေပဲစိုက် တောင်သူများထံမှ သိရသည်။
မိုးမိတ်မြို့၌ ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအား အသိပေးနှိုး ဆော်ခြင်း၊  အသိပညာပေးလက်ကမ်းစာစောင်များနှင့်နှာခေါင်းစည်း(mask) များ အခမဲ့ဖြန့်ဝေ
Aug 11,2021
          ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၉ ရက် နံနက် ၇ နာရီခွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊  မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က မြို့တွင်းသို့ လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကိုဗစ်-၁၉ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို  ဆောင်ရွက်ခဲ့ကြောင်းသိရ သည်။
ရေတာရှည်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရန်အသိပေးနှိုးဆော်ချက်များ ဆက်လက် ဆောင်ရွက်
Aug 11,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင်  ပူးပေါင်းပါဝင်စေရန် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ မနက်ပိုင်း က ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လက္ခဏာပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရရှိသူ(၃၀၆) ဦးထိရှိလာ
Aug 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းကိုဗစ်-၁၉ တတိယလှိုင်း ရောဂါစတင်ဖြစ်ပွားသည့် ဇွန်လ(၁၉) ရက်နေ့မှယနေ့အထိကိုဗစ်-၁၉ရောဂါလက္ခဏာများ ကုသပျောက်ကင်း၍ နေအိမ်ပြန်ခွင့်ရရှိသူစုစုပေါင်း(၃၀၆)ဦးထိ ရှိလာပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
မူဆယ်တွင် နေရပ်ပြန်များ လွှဲပြောင်းလက်ခံခြင်း ယာယီရပ်နား
Aug 11,2021
မူဆယ်မြို့ နန်းတော်ဂိတ်(နယ်စပ်ဝင်/ထွက်ဂိတ်)တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှ ရွှေ့ပြောင်း လုပ်သားများဖြစ်သော မြန်မာနိုင်ငံသားများသည် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပျံ့နှံ့နေမှုကြောင့် မိခင်မြန်မာနိုင်ငံသို့ ဇူလိုင်လ ၂၆ ရက်နေ့ မှစတင်ပြီး ပြန်လည်ဝင်ရောက်ခဲ့ရာ တရုတ်နိုင်ငံရှိ ဒေသအာဏာပိုင်များမှ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံသားများအား ၁၁-၈-၂၀၂၁ ရက်နေ့၌ လွှဲပြောင်းခြင်းကို တရုတ်နိုင်ငံနယ်စပ် အာဏာပိုင်များက ယာယီခဏ ပိတ်ပင်သွားမည် ဖြစ်ကြောင်း ပြောကြားလာမှုကို သိရသည်။
အုတ်တွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ အသိပညာပေး နှိုးဆော်
Aug 11,2021
 ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွား မှုများနေ့စဉ်မြင့်တက်လျက်ရှိပြီး ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများက အသံချဲ့စက်များဖြင့် မြို့ပေါ်ရပ်ကွက်/ ကျေးရွာ များအတွင်းသို့Mobile Library ဖြင့်လှည့် လည် အသိ ပညာပေး လိုက်လံ နှိုးဆော် ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိ ရသည်။
ရန်ကင်းမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုလျော့နည်းစေရေးအတွက် လိုက်လံ အသိပေး နှိုးဆော်
Aug 11,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှု လျော့နည်းစေရေး အတွက် ယမန်နေ့ ည ၇ နာရီအချိန်က ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပေး နှိုးဆော်ချက်များအား လှည့်လည်ကြေညာပေး လျက်ရှိကြောင်း သိရသည်။