ရွှေကျင် ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ ကျွဲတဲရပ်ကွက်အတွင်း ယမန်နေ့ ည ၇ နာရီခွဲအချိန်မှစ၍ ဧည့်စာရင်းများကို လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသောကာလအတွင်း ရွှေကျင်မြို့နယ် ရပ်ကွက်များအတွင်းသို့ ဧည့်စိမ်းများဝင်ရောက် မှုရှိ/မရှိကို ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့်အတူ ခလရ(၅၇)ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးသန့်ဇင်အောင်၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးတင်အောင်မြင့်ဦး၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးအောင်ထွန်းထွန်းနိုင်၊ လဝကဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ လိုက်လံ စစ်ဆေးခဲ့ကြောင်းသိရသည်။