မြစ်ကြီးနားမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာကာကွယ်၊ ထိန်းချုပ်နိုင်ရေး အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်

မြစ်ကြီးနား ဩဂုတ် ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ် နိုင်ရေးအတွက် ပြည်နယ်မီးသတ် ဦးစီးဌာနနှင့် ခရိုင်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြစ်ကြီးနားမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲ ၂ နာရီက အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ထိုသို့ အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့နယ်တွင် နေထိုင်ကြသော မိဘပြည်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို ပိုမိုထိ ရောက်စွာ ကာကွယ်နိုင်ရန် မိမိတို့အိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မ‌နေ နေအိမ်ပြင်ပသို့ သွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ရန်၊ အရာ၀တ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်ဆေးရန် စသည် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ သတ်မှတ်ပေးသော စည်းကမ်းချက်များ၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော ညွှန်ကြားချက်များ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်အချက်များ၊ လိုက်နာရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)