အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်း

နမ္မတူ  ဩဂုတ်  ၁၉

          အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ကျန်းမာရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီ အချိန်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

          ထိုသို့ ပေးအပ်လှူဒါန်းရာတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကိုယ်စား စစ်ဗျူဟာအခြေချ (နမ္မတူ)မှ ယာယီစစ်ဗျူဟာမှူး ဒုတိယ ဗိုလ်မှူးကြီး ကျော်ဇေဝင်းမှ အောက်စီဂျင် (၄၀)လီတာအိုး ၃လုံး၊ Flow Meter ၃စုံ၊ အောက်စီဂျင်စက် ၁လုံး၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ၂၅၀၀ခု၊ PPE ဝတ်စုံ Level-1 ၅၀စုံ၊ Level-2 ၅၀စုံ၊ Surgical Gloves ၂၀၀စုံ၊ အောက်စီဂျင်အိုး ထရော်လီ ၁ခု၊ Paracetamol ၁၀၀၀လုံးနှင့် ADIVIT.CZ အားဆေး ၁၀၀၀လုံးတို့အား ပေးအပ်လှူဒါန်းခဲ့ရာ နမ္မတူမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများ က လက်ခံရယူခဲ့ပြီး ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော်