မင်္ဂလာဒုံ ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ကိုဗစ်၁၉-ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အထောက်အကူပြုကော်မတီမှ မြို့နယ်အတွင်းရှိ လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှုကြောင့် ပြည်သူများ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ မိသားစုစားဝတ်နေရေးအခက်အခဲများ ဖြစ်ပေါ်လျှက်ရှိသော ရပ်ကွက်များတွင် ကြိုတင်စာရင်းကောက်ယူပြီး သဒ္ဓါတရား ထက်သန်သည့် အလှူရှင်များနှင့် ချိတ်ဆက်ပြီးတတ်နိုင်သလောက် ဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့ တွင် ပေါက်ကုန်းရပ်ကွက်အတွင်းရှိ အိမ်ထောင်စုပေါင်း(၁၀၀)စုအား အခြေခံစားကုန်(၅)မျိုး ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲ၊ ကြာဆံတို့ကို ရပ်ကွက်အပိုင် ရာအိမ်မှူးများမှတဆင့် (ကျော်မိသားစု၊ ဆိုနာလီကာ ထွန်စက်ကုမ္ပဏီလီမိတက်) ဦးကျော်စိန်၊ ဒေါ်မန်းတို့က နံနက်ပိုင်းတွင် သတ္တမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူ၍ မွန်းလွဲ(၁)နာရီတွင် ပြည်သူများအတွက် သဒ္ဓါထက်သန်စွာဖြင့် ကျော်ကုမ္ပဏီရှေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။
လှူဒါန်းရာတွင် အိမ်ထောင်စု(၁၀၀)အတွက် ဆန် ၁၆ ပြည်အိတ် (၁၀၀)အိတ်၊ ဆီ ၁ပိသာဗူး (၁၀၀)ဗူး၊ ကြက်ဥကပ်(၁၀၀)ကပ်၊ ခေါက်ဆွဲဖာ(၁၀၀)ခု၊ကြာဆံအစီး(၁၀၀)စီးတို့ကို ကျန်းမာရေးဝန်ကြီးဌာမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့်အညီ ရပ်ကွက်တာဝန်ရှိသော အုပ်ချုပ်ရေးမှူး၊ရာအိမ်မှူးများထံပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးသန့်