အုတ်ဖို သြဂုတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။
အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ကျောင်းသားကျောင်းသူများ အေးချမ်းသာယာစွာပညာသင်ယူနိုင်ရေးအတွက် အ.ထ.က အုတ်ဖိုနှင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးခင်မောင်ဝင်းက ဆရာ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများအားတွေ့ဆုံကာ ကျောင်းပတ်ဝန်ကျင်သန့်ရှင်းရေးနှင့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများထားရှိခဲ့သည့် စာသင်ကျောင်းများတွင် ပိုးသတ်ဆေးဖြန်းခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရေး ဆွေးနွေးခဲ့ကြသည်။ အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ ပိုးသတ်ဆေးနှင့် လိုအပ်သည်များကို ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အောင်သူ