ဒေးဒရဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများအနက်မှ ရောဂါပျောက်ကင်းသူ (၂)ဦး  ဆေးရုံဆင်းခွင့်ရ

ဒေးဒရဲ ဩဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို မြို့နယ်  ကျန်းမာရေးဦးစီးဌာနရှိ ဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ဆေးရုံ တို့တွင် ဆေးကုသမှုခံယူပြီး ကျန်းမာရေးကောင်းမွန်သူ အမျိုးသမီး (၂)ဦးအား ယနေ့ နံနက်က ဆေးရုံဆင်းခွင့် ရရှိကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူနှစ်ဦးမှာ ကျုံဒူဒါးမလိမ်းကျေးရွာ(၁)ဦးနှင့် နံ့သာချောင်း ကျေးရွာ(၁)ဦး၊ ပေါင်း(၂)ဦးတို့ကို မြို့နယ်လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူများက ၎င်းတို့နေရပ်များအသီးသီးသို့ အသင်းကားများဖြင့် ပြန်လည်ပို့ဆောင်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးရုံဆင်းခွင့် ရရှိသူများအနေဖြင့် နေအိမ်တွင်(၇)ရက်ကြာ နေထိုင်ခြင်းများ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း သိရသည်။

အေဇာလင်း