ဘူးသီးတောင်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ(၁)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၄)ဦးရှိ

ဘူးသီးတောင် ဩဂုတ် ၂၅

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၌ သြဂုတ်လ (၂၄)ရက်နေ နံနက်ပိုင်းက ဘူးသီးတောင်မြို့အမှတ် (၆)ရပ်ကွက်နေ အမျိုးသမီး(၁)ဦး နေမကောင်းသဖြင့် ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်ပြသစဉ် ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိစစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ပိုးတွေ့လူနာအား ဘူးသီးတောင်မြို့နယ် ပြည်သူ့ဆေးရုံရှိ သီးသန့်အခန်း၌ ဆေးကုသမှုခံယူရန် နေရာချထားပေးလျက်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ယမန်နေ့က ဆေးရုံဆင်းခွင့်ရရှိသူ (၄)ဦးရှိကြောင်း မြို့နယ်ကျန်းမာရေးဉီးစီးဌာနမှ သိရသည်။

ဘူးသီးတောင်မြို့နယ်၌ ဩဂုတ်လ(၂၄)ရက်နေ့ ညနေပိုင်းထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၂)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ(၁၃၁)ဦး၊ သေဆုံသူ(၆)ဦး၊ လက်ရှိဆေးကုသမှုခံယူနေသူ (၁၅)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနမှ သိရသည်။