လားရှိုး ဇွန် ၂၈
လားရှိုးမြို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ခရိုင်အဆင့်လုပ်ငန်းကော်မတီထံသို့ ယနေ့ နေ့လည် (၁)နာရီအချိန် က ကိုဗစ်-၁၉ အတည်ပြုလူနာများအတွက် အသုံးပြုနိုင်ရန် အလှူရှင်များက အလှူငွေများ လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကိုဗစ်- ၁၉ အတည်ပြုလူနာများအတွက် ရည်ရွယ်၍ ဦးသောင်းဟန် (ဆင်နှစ်ကောင်ဟိုတယ်)မှ ငွေကျပ်(၅)သိန်း၊ ဦးချစ်ကို (ဆေးခန်း)မှ ငွေကျပ်(၅)သိန်း၊ ဦးစိုင်းထွန်းမြင့်+ဒေါ်ဝင်းဝင်း (ပရဆေး+ကုန်ကြမ်း) ရပ်ကွက်(၂)မှ ငွေကျပ်(၅)သိန်း၊ ရှိန်တက်ရှင်း+ဒေါ်မြင့်ကြည် (စုပေါင်းကုန်စုံဆိုင်) ရက(၅)မှ ငွေကျပ်(၂)သိန်းခွဲ၊ ကိုကြည်ဝင်း+မခင်စန်းဝင်း (ရွှေအိုးကြီးဆန်ဆိုင်)မှ ငွေကျပ်(၂)သိန်းခွဲ၊ ဦးကျန်ဒတုံမိသားစုမှ ငွေကျပ်(၂)သိန်းခွဲ စုစုပေါင်း ငွေကျပ် (၂၂)သိန်းခွဲ ကို ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ရုံးခန်းမ၌ ပေးအပ်လှူဒါန်းကြရာ ခရိုင်ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက လက်ခံရယူပေးခဲ့ကြောင်း သိရသည်။
အလှူရှင်များအနေဖြင့် ခရိုင်ကိုဗစ်-၁၉ ကော်မတီထံသို့လည်းကောင်း မြို့နယ် ကိုဗစ်- ၁၉ ကော်မတီထံသို့လည်းကောင်း လူကိုယ်တိုင်လာရောက်ပေးအပ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)