မံစီမြို့နယ်အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး

မံစီ ဇွန် ၂၈
 
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် မောရဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယနေ့ နံနက် ၉ နာရီက ရပ်ကွက် အတွင်းရှိ အသက်(၂)နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက် ကျွေးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ဝန်ထမ်းများက ဇွန်လ ၂၂ နေ့က စတင်ဆောင်ရွက်ခဲ့ရာ နမ့်မဖွဲကျေးရွာ၊ မံဖွကျေးရွာ၊ ကျော်ခေါင် ကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကလေးငယ်များကို ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး ဆောင်ရွက် ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။