ဝမ်းတွင်း၊ ဇူလှိုင် ၇
မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးရေး Mask Campainပြလုပ်ပေးခြင်းကို သဲတောဝမ်းတွင်း လမ်းမကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့နံနက်(၈)နာရီအချိန်မှစတင်ကာ ပြည်သူများအား(အခမဲ့) တပ်ဆင်ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝပေးခြင်းများကို မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊အမျိုသမီးရေးရာအဖွဲ့ဝင်များ က Mask Campain ပြုလုပ်ပေး ခဲ့ကြောင်း သိရသည်။
ဆက်လက်၍အမျိုးသမီးရေးရာအဖွဲ့ဝင်များက သဲတော(၁)ရပ်ကွက်ရှိ ဧသုဝတီသီလရှင် စာသင်တိုက်သို့သွားရောက်ပြီး ဆန်၊ ဆီ၊ ကြက်ဥ၊ ဆားနှင့် Mask ဗူးများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။