လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာနှင့်ဒိုင်းပြကျေးရွာတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ပက်ဖျန်း

လှိုင်းဘွဲ ဇူလိုင် ၇

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာနှင့်ဒိုင်းပြကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များ ပက်ဖျန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ပိုးသတ်ဆေး လိုက်လံပက်ဖျန်းရာတွင် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်၊ ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူမှုကယ်ဆယ်ရေးအသင်းတို့က ဒိုင်းပြကျေးရွာတွင် ဒိုင်းပြဈေး၊ ဘုန်းကြီးကျောင်း၊ လမ်းများ၊ ထီလုံကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြောင့် ကန့်သတ်ခံရထားသည့် လမ်းများ၊တိုက်နယ်ဆေးရုံ၊ Quarantine Centre များ၊ အများသွားလာသည့် နေရာများအား ပိုးသတ်ဆေးဖျန်းကား(၃)စီး၊ မီးသတ်ယာဉ်(၁)စီး၊ ရေသည်ယာဉ်(၁)စီးဖြင့် ကလိုရင်း ဆေးရည်(ပိုးသတ်ဆေး)များ လိုက်လံ ပက်ဖျန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)