ရန်ကုန် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက်၊ ရောဂါကာကွယ်ရေး အထောက်အကူပြုစေသည့် ပါးစပ်၊ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရေတာရှည်လမ်း၊ ဗဟန်းစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး မျိုးခိုင်၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဖြိုးဝေ နှင့် ဝန်ထမ်းများ ဗဟန်းမြို့မရဲစခန်း၊ စခန်းမှူး ဒုတိယရဲမှူး စံထွန်းခိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်အရန် မီးသတ်တပ်ဖွဲ့၊ ဒုတိယ တပ်ရင်းမှူး ဦးထိန်ဝင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဗဟန်းစျေးအတွင်းရှိ စျေးဆိုင်ပိုင်ရှင်များ၊ စျေးဝယ်သူများ၊ စျေးအတွင်း သွားလာနေကြသော ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန်အတွက် ပါးစပ်နှာခေါင်စည်းများ လက်ဝယ်အရောက် အခမဲ့သွားရောက် ပေးဝေလှူဒါန်းခဲ့ကြကြောင်း သိရှိရ သည်။
အောင်မြင့်