သတင်းများ

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအစည်းအဝေးကျင်းပ
Jul 14,2021
ကရင်ပြည်နယ် ၊မြဝတီမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ် တုံပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၁)နာရီက မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားသူအသစ် ၅၀ ဦးတွေ့ရှိ
Jul 14,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၅၀ ဦးတွေ့ ရှိပြီး သေဆုံးသူ ၂ ဦး ရှိကြောင်း သိရသည်။
ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ မြို့မစျေးရှေ့တွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်
Jul 14,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ ယနေ့ နံနက် ၈ နာရီအချိန်တွင် ဘုရားသုံးဆူမြို့၊ မြို့မစျေးရှေ့တွင် ကိုဗစ် ၁၉ ရောဂါ အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်၊ မိုင်းလန်းအုပ်စု ဝမ်ဆိုင်းကျေးရွာ၌ မီးဖိုဆောင်မှတစ်ဆင့် လူနေအိမ်မီးလောင်ကျွမ်းမှုဖြစ်ပွား
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် မိုင်းလန်းအုပ်စု ဝမ်ဆိုင်း‌ကျေးရွာ၌ ယမန်နေ့ ညနေ (၆)နာရီ (၃၀)ခွဲခန့် အချိန်က လူနေအိမ်အား မီးဖိုဆောင်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
ကျုံပျော်တွင် ၁၃၅ ဦးစစ်ဆေးရာ ၆၄ ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jul 14,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ဇူလိုင် ၁၃ ရက်က အသွားအလာ ကန့်သတ်ထားသူ၊ ဖျားနာ အနံ့မရသူ စုစုပေါင်း ၁၃၅ ဦးအား စစ်ဆေးရာ ၆၄ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
မိုင်းယောင်း၌ မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်
Jul 14,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဟောင်ကြန့်ကျေးရွာအုပ်စု ပါမန်းကျေးရွာရှိ ကျောင်းသား ကျောင်းသူလေးများ ပညာသင်ကြားနိုင်ရေးအတွက် အမက(ပါမန်း)ကျောင်းဆောင်အသစ် တစ်ခု ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နမ့်ခမ့်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးများတွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း ဆောင်ရွက်
Jul 14,2021
မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် စျေးများ တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေပိုင်း ၃ နာရီအချိန်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၆၄)ဦးထိရှိလာ
Jul 14,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အနံ့မရရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်ပြသရာ ကိုဗစ်-၁၉ ရောဂါ ပိုး ရှိ/မရှိ Test Kit စစ်ဆေးရာ Covid-19 ရောဂါပိုး အတည်ပြုလူနာ (၄)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ သိရသည်။