ကွမ်းလုံ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်က မြို့နယ်အားကစားရုံခန်းမ၌ စုရပ်ပြုလုပ်ကာ ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ကွမ်းလုံမြို့နယ်အတွင်းရှိ ပထမအကြိမ်တွင် ထိုးနှံရန်ကျန်ရှိသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာ ခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ် (၃၀) စောင့်ကြည့်ခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)