နွားထိုးကြီးမြို့တွင် စားသောက်ဆိုင်များ၊ ဆေးဆိုင်များ ဖွင့်လှစ်ထားရှိမှု ကြည့်ရှုစစ်ဆေး

နွားထိုးကြီး၊ ဇူလိုင် ၁၅
 
နွားထိုးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဖွင့်လှစ် ထားရှိသည့် စားသောက်ဆိုင်များ၊ ဆေးဆိုင်များကို သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိ၊ မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦး၊ စည်ပင်အမှု ဆောင်အရာရှိဦးစိုးအောင်၊ ဌာနဆိုင် ရာများနှင့်ဝန်ထမ်းများ၊ နယ်မြေခံတပ်ရင်း တပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ များပှုးပေါင်း၍ စားသောက်ဆိုင်များ၊ ဆေးဆိုင် များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ရေးအနေဖြင့် သတ်မှတ်ထား သည့် စည်းကမ်းများအတိုင်း လိုက်နာမှုရှိ၊မရှိစစ်ဆေးခဲ့သည်။
ဆက်လက်၍ စားသောက်ဆိုင်များ၊ဆေးဆိုင်များကို စစ်ဆေးခဲ့ရာ ဈေးဝယ် များ ဆိုင် အတွင်း မဝင်ခင် လက်ကိုစနစ်တကျဆေးပြီးမှ ဝယ်ယူရေး၊ ဈေးဝယ်များကို (၆)ပေအကွာဖြင့်စီစဉ်ပေး ထားခြင်း၊ ရောင်းသူ၊ ဝယ်သူများ နှာခေါင်းစည်း Mask တပ်ဆင်ထားခြင်းရှိ၊မရှိ၊ စားသောက်ဆိုင်များတွင်လည်း သန့်ရှင်း၊သပ်ရပ်စွာ ရောင်းချခြင်း၊ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ၊မရှိကို စစ်ဆေးခဲ့ကြောင်းကိုသိရသည်။
သန်းအောင်ဇော်