သီပေါ ဇူလိုင် ၁၅
အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါကာကွယ် ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများကိုယ်စား ဗိုလ်မှူးကြီးသက်နိုင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။ဆက်လက်၍ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ အပြာ(၁၀၀)စုံ၊ PPE ဝတ်စုံ အဖြူ(၅၀)စုံ၊ အရက်ပျံ(၁)ဖာ၊ အထုပ်(၂၅၀၀)ပါနှာခေါင်းစည်း(Mask)(၂)ဖာ၊ အောက်စီဂျင်အိုး(၁၀)လုံးနှင့် ချိတ်ဆက်ပစ္စည်း (၁၀)စုံ၊ VITAHOMEအားဆေး (၁၀)ဘူးနှင့် အာဟာရဖြည့်စွက်စာများကို ပေးအပ်လှူဒါန်းရာ သီပေါမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။
ခင်လေး