သတင်းများ

မြိတ်မြို့တွင် မီးဘေးသင့်အိမ်ထောင်စု(၂)စုအား ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်
Jan 20,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာတွင် မီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်ကျွမ်း ပြီး မီးဘေးသင့်ခဲ့ရသည့် အိမ်ထောင်စု(၂)စုအား ယမန်နေ့ ညနေပိုင်းမှာ ဘေးအန္တရာယ် စီမံခန့်ခွဲရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကယ်ဆယ်ရေးပစ္စည်းများကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
လိုင်လင်းပီမြို့၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ(ဒုတိယအကြိမ်ပြင်ဆင်သည့်) နည်းဥပဒေ အသိပညာပေး ရှင်းလင်းပွဲကျင်းပ
Jan 20,2021
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးအသစ် ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ (ဒုတိယအကြိမ် ပြင်ဆင်သည့်) နည်းဉပဒေ အသိပညာပေး ရှင်းလင်းပွဲကို ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့၊ မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြုလုပ်ကြသည်။
သံဖြူဇရပ်မြို့နယ် ရပ်ကွက်/​ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ​ရွေးချယ်​ရေးဆိုင်ရာ လုပ်ငန်းစဉ် အဆင့်ဆင့် အသိ​ပေးရှင်းလင်းခြင်းပြုလုပ်
Jan 20,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ရပ်ကွက်/​ကျေးရွာ အုပ်ချုပ်​ရေးမှူးများ​ ရွေးချယ်တင်​မြှောက်​ရေးအတွက် ဆောင်ရွက်ရမည့် ​ရွေးချယ်​ရေးဆိုင်ရာမူများ၊ နည်းစနစ်များကို ပြည်သူ လူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိ​နိုင်​ရေးအတွက် ချပြရှင်းလင်းခြင်းကို မြို့နယ်အဆင့် ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့(၅)ဖွဲ့ဖြင့် ဇန်နဝါရီ ၁၉ ရက်မှစတင်၍ ရပ်ကွက်/ ကျေးရွာများတွင်​ ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့ချရေး ရန်ပုံငွေ (ပထမအကြိမ်)လုပ်ငန်းများ ရန်ပုံငွေပေးအပ်
Jan 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးရန်ပုံငွေ(ပထမအကြိမ်)ဖြင့် ဆောင်ရွက် လုပ်ကိုင်ခွင့် ရရှိသော လုပ်ငန်းများအား ပထမအရစ် ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်နိုင်ရေး ညှိနှိုင်း ဆွေးနွေးပွဲ ဆောင်ရွက်
Jan 20,2021
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ စိစစ်ရွေးချယ်ခြင်း နှင့် စပ်လျဉ်း၍ ပြင်ဆင်ထားသည့် ဥပဒေ၊ နည်းဥပဒေများ သိရှိစေရန်အတွက် ညှိနှိုင်း ဆွေးနွေးပွဲ ကို ယနေ့နံနက်၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မင်းတပ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်
Jan 20,2021
မင်းတပ်မြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြို့မစျေးရှိ စျေးရောင်း/စျေးဝယ် ပြည်သူများအား "နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ" ကိုဗစ်-၁၉ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များနှင့် Maskများ အခမဲ့ဖြန့်ဝေခြင်း ကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
အိမ်မဲ၌ ထောက်ပံ့ပေးခဲ့သည့် ငါးသားပေါက်များ၏ ဖွံ့ဖြိုးကြီးထွားမှုအား ကွင်းဆင်းစစ်ဆေး
Jan 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမွေးတောင်သူများထံသို့ ထောက်ပံ့ ပေးခဲ့သည့် ငါးသားပေါက်များ၏ ဖွံ့ဖြိုးကြီးထွားမှုကို ယနေ့ မွန်းလွဲပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Jan 20,2021
ဇန်နဝါရီလ (၁၇) ရက်နေ့တွင် ဒီပဲယင်းမြို့နယ်မှပြန်လာသည့် အမျိုးသား(၄) ဦးသည် ဇန်နဝါရီလ (၁၈) နေ့ နံနက် (၇) နာရီတွင် ဟုမ္မလင်းမြို့နယ် နမ့်တော တိုက်နယ်ဆေးရုံသို့ ​ရောက်ရှိသတင်းပို့သဖြင့် ကျန်းမာရေး ဌာနမှ RDT Test Kite စစ်ဆေးဆောင်ရွက်ခဲ့ရာ အသက်(၄၁)နှစ် အမျိုးသားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ ကြောင်းသိရသည်။