ဒဂုံမြောက် မေ ၁၉
COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် စာသင်ကြားမှုများ ယာယီ ရပ်ဆိုင်း ထားရှိခဲ့ရာမှ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများအား Social Distancing နှင့်အညီ ဖွင့်လှစ် နိုင်ရေး အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၌ မြို့နယ်ပညာရေးဌာနှင့် ဌာန ဆိုင်ရာများပူးပေါင်း၍ အခြေခံပညာကျောင်းများကို ကြိုတင် ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ၂၀၂၁ ခုနှစ်၊ မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့ထိ ကျောင်းအပ်နှံရေး သီတင်း ပတ်အဖြစ် ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်နှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး အတွက် တာဝန်ရှိသူ များက မြို့နယ်အတွင်းရှိ ကျောင်းများ၌ ကျောင်းတွင်းကျောင်းပြင် သန့်ရှင်းရေးလုပ်ငန်းများ၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုလုပ်ငန်းများ၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်သည့် နည်းလမ်း များနှင့် အခြားလိုအပ်သည့် ထိန်းသိမ်းစောင့်ရှောက်မှု လုပ်ငန်းများကို စုပေါင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ရီ(ဒဂုံမြောက်)