ကျွန်းလှ မေ ၁၉
၂၀၂၁-၂၀၂၂ပညာသင်နှစ်အေခြခံပညာကျောင်းများကိုဇွန်လ(၁)ရက်နေ့ဖွင့်လှစ်မည်ဖြစ်၍ကျွန်းလှမြို့နယ်ပညာရေးမှူးဦးမြင့်လွင်အားသွားရောက်တွေ့ဆုံပြီးစာသင်ကျောင်းများကြိုတင်ပြင်ဆင်ထားရှိမှုတွေ့ဆုံမြန်းခြင်းအစီအစဉ်ဖြစ်ပါ တယ်။
မေး ။ ။မင်္ဂလာပါဆရာ။
ဖြေ ။ ။မင်္ဂလာပါ။
မေး ။ ။ဆရာ့အမည်နဲ့ရာထူးမိတ်ဆက်ပေးပါ။
ဖြေ ။ ။ဦးမြင့်လွင်၊မြို့နယ်ပညာရေးမှူးပါ။
မေး ။ ။အခြေခံပညာ ကျောင်းများဖွင့်လှစ်တော့မယ်လို့ သိရတဲ့အတွက်စာသင် ကျောင်းများကြိုတင်ပြင်ဆင်ရှိမှုကိုသိချင်ပါ တယ်ဆရာ။
ဖြေ ။ ။အခြေခံပညာကျောင်း (အထက်တန်း၊အလယ်တန်း၊ မူလတန်း) ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက်သက်ဆိုင်ရာ ကျောင်း အုပ်များ၊ ဆရာ၊ ဆရာမများနဲ့ကျောင်းရုံးဝန်ထမ်းများကိုမေလ(၃)ရက်နေ့က
စ၍ကျောင်းတွင်း၊ကျောင်းပြင်နှင့်စာသင်ခန်းများသန့်ရှင်းရေးပြုလုပ်ခြင်း၊စာရွက်စာတမ်းများကြိုတင်
စုဆောင်းခြင်း၊သင်ထောက်ကူပစ္စည်းများဝယ်ယူခြင်း၊ကျောင်းသား/သူများအဆင်ပြေစွာကျောင်းအပ်နှံရေးအတွက်ကျောင်း ကော်မတီ၊ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့၊ရပ်မိရပ်ဖများနဲ့ညှိနှိုင်းဆွေးနွေး ခြင်းဆောင် ရွက်လျက် ရှိပါတယ်။
မေး ။ ။၂၀၂၁-၂၀၂၂ပညာသင်ကျောင်းအပ်နှံရေးနေ့ ကိုဘယ်နေ့သတ်မှတ် ထားပါသလဲဆရာ။
ဖြေ ။ ။၂၀၂၁-၂၀၂၂ပညာသင်နှစ်ကျောင်းအပ်နှံရေး နေ့ကိုရက်သတ္တပတ် အဖြစ်၂၀၂၁ခုနှစ် မေလ(၂၄)ရက်မှ (၃၁)နေ့အထိပညာရေး ဝန်ကြီးဌာနက သတ်မှတ်ပေးထားပါတယ်။
မေး ။ ။ကျောင်းအပ်လက်ခံတဲ့အခါငွေေကြးကောက်ခံမှု ရှိ/မရှိနဲ့ဘာတွေ ထောက်ပံ့ ပေးမှာလည်းဆရာ။
ဖြေ ။ ။ကျောင်းအပ်ရာမှာမည်သည့် အခကြေးငွေကောက်ခံခြင်း မရှိတဲ့အပြင်ကျောင်းသား/သူများ ကိုပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊Mask၊Face Shieldတို့ကိုအခမဲ့ထောက်ပံ့ပေးသွားမှာဖြစ်
ပါတယ်။
မေး ။ ။ကိုဗစ်-၁၉ရောဂါကြောင့်ပညာသင်နှစ် တစ်နှစ်နားလိုက်ရတဲ့အတွက် ယခုနှစ်ကျောင်းအပ်ရာမှာဘယ်လိုနည်းနဲ့ကျောင်းအပ် လက်ခံမှာ လည်းဆရာ။
ဖြေ ။ ။၂၀၂၁-၂၀၂၂ပညာသင်နှစ်ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း (KG)သို့အပ်နှံရမှာဖြစ်ပြီးခြောက်နှစ်အရွယ် ကလေးများကို ပထမတန်း(Grade-1)အပ်နှံကြရမှာဖြစ်ပါတယ်။
မေး ။ ။ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နဲ့အညီကျောင်း များဖွင့်လှစ်ရေးပြင်တင်ထားရှိမှုကိုလည်း ပြောပြ အုံးဆရာ။
ဖြေ ။ ။ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန်ချက်နဲ့ အညီကျောင်း လာတဲ့အခါတပ်ဆင်ရန်Mask၊Face Shieldများဖြန့်ဝေခြင်း၊ အပူချိန် တိုင်းခြင်း၊ ကျောင်းအတွင်းမှာလက်ဆေးရန်ဘေစင်၊ဆပ်ပြာ၊ရေ၊လက်သန့် ဆေးရည်၊ စသည် တို့ကိုစီစဉ်ထားပါတယ်။
မေး ။ ။၂၀၂၁-၂၀၂၂ပညာသင်နှစ်မှာသင်ရိုးညွှန်းတမ်း ပြောင်းလဲမှုရှိပါ သလားဆရာ။
ဖြေ ။ ။ယခုပညာသင်နှစ်သင်ရိုးညွှန်းတမ်းမှာ ယခင်အစိုးရလက်ထက် ကရေးဆွဲခဲ့တဲ့(အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်း) အတိုင်းဖြစ်ပြီး သင်ရိုးညွှန်းတမ်း ပြောင်းလဲခြင်းမရှိပါဘူး။
မေး ။ ။ကျွန်တော်တို့ကျွန်းလှမြို့နယ်မှာ အခြေခံပညာ ကျောင်းဘယ်လောက်ရှိပါ သလဲဆရာ။
ဖြေ ။ ။ကျွန်းလှမြို့နယ်မှာအထက(၈)ကျောင်း၊ အထကခွဲ(၅)ကျောင်း၊ အလက(၃၁)ကျောင်း၊အလကခွဲ(၁၉)ကျောင်း၊ မူလွန်(၁၆) ကျောင်း၊ အမက (၂၁) ကျောင်း၊အမကခွဲ(၁)ကျောင်း၊စုစုပေါင်း(၁၀၁)ကျောင်းရှိပါတယ်။
မေး ။ ။၂၀၂၁-၂၀၂၂ပညာသင်နှစ်၊အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုနဲ့ ပတ်သက်ပြီးပြောလိုတာများရှိပါသလား ဆရာ။
ဖြေ ။ ။ယခင်ပညာသင်နှစ်တစ်နှစ်လုံး ကိုဗစ်-၁၉ရောဂါကြောင့် ပညာသင် ကြားရေး အခွင့်အလမ်းဆုံးရှုံးခဲ့ရသဖြင့် ကျောင်းသား/ သူများအသက် တစ်နှစ် ကြီးသွားပြီး ဘဝရှေ့ရေးတိုးတက်မှုတစ်နှစ်နောက်ကျသွားခဲ့ပါတယ်။ ဒါကြောင့်ပညာသင်ကြားရေးအခွင့်အလမ်းများထပ်မံမဆုံးရှုံးရအောင်ကျောင်းများဖွင့်လှစ်နိုင်ရေးပူးပေါင်းပါဝင် ဆောင်ရွက်ကြဘို့ တိုက်တွန်းလိုပါတယ်။
မျိုးဝင်းညို(ကျွန်းလှ)