ဖောင်းပြင် ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်ခံရသူ ဇွန်လ ၂၈ ရက်နေ့အထိ စုစုပေါင်း ၃၂ ဦး ကူးစက်ခံထားရပြီး ရောဂါကူးစက်မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ယနေ့မှစ၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီက တာဝန်ရှိသူထံမှ သိရသည်။
အလားတူ ယခုလ ၃၀ရက်နေ့မှစ၍ မြို့တွင်းရှိ အထည်ဆိုင်များဈေးရောင်းချခြင်းကို တစ်ပတ် ပိတ်ထားမည်ဖြစ်ပြီး စားသောက်ကုန်ပစ္စည်းဆိုင်များကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ရေး သတ်မှတ်ထားသော စည်းကမ်ချက်များနှင့်အညီ ရောင်းချစေမှာဖြစ်ကြောင်း၊ မြို့မစည်ပင် သာယာဈေးကို ဇူလိုင်လ(၁)ရက်နေ့မှ တစ်ပတ် ယာယီပိတ်ထားမည်ဖြစ်ပြီး ပြည်သူများ သိရှိလိုက်နာနိုင်ရေးအတွက် ဒေသန္တရစည်းမျဥ်း စည်းကမ်းများ ထုတ်ပြန်ထားသည့် ကြော်ငြာ စာများကို တာဝန်ရှိသူများက ယနေ့နေ့လယ်ပိုင်းက ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
ကိုထွန်း(ဖောင်းပြင်)