သတင်းများ

ပန်းတနော်မြို့နယ်တွင် ထုတ်ကုန်လုံခြုံစိတ်ချမှုရှိစေရေး အသိပညာပေး ဆွေးနွေး
Jan 21,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဆန်စက် လုပ်ငန်းရှင်များအား ဆန်ထွက်ပစ္စည်းများ ဈေးကွက်အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှု ရှိစေရေးအတွက် အသိပညာပေး ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဆန်စက်များသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့နယ် ထင်းရှူးတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲကျင်းပ
Jan 21,2021
မိုးကုတ်မြို့နယ် ထင်းရှူးတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ စားလှယ်ဦး စောသောင်းတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မင်းသိုက် တို့နှင့် ဌာနဆိုင်ရာအကြီးအကဲတို့မှ တက်ရောက်ကာဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(DMO)အဖွဲ့ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရေး ကော်မတီမှ Trekking လမ်းကြောင်း သစ်လုပ်ငန်း စတင်ရန် ဆွေးနွေး
Jan 21,2021
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ကော်မတီမှ ရှာဖွေထားသော ဝိတိုရိယ(ခေါနူးစုမ်)တောင် ၁၀ မိုင် ၁ ဖာလုံမှ တောင်ထိပ်အထိ ၄ မိုင် ၂ ဖာလုံခန့်ရှိသော Trekking လမ်းကြောင်းသစ် လုပ်ငန်းစတင် အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ဖွဲ့စည်းပြီး ယမန်နေ့က ကန်ပက်လက်မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်း အကောင်အထည်ဖော်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည် ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်း
Jan 21,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်နိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပခဲ့သည်။
မင်းတပ်မြို့၌ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး
Jan 21,2021
မင်းတပ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများအား တည်ဆဲဥပဒေ၊ နည်းဥပဒေများ နှင့်အညီ အသစ်ပြန်လည် ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်း ဆွေးနွေးခြင်းကို ယနေ့နံနက် ၉ နာရီ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများအား သက်ဆိုင်ရာဒေသများသို့ ဆက်လက်လွှဲပြောင်းပို့ဆောင်
Jan 21,2021
ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံ သား နေရပ်ပြန်ပြည်သူ(၈)ဉီးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ ဉီးသက်ဉီးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိနိုင်ရေး အတွက် ယနေ့၊ နံနက်(၁၁)နာရီ အချိန်က လားရှိုးမြို့သို့ ဆက်လက်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ပဉ္စမအကြိမ် မြစိမ်းရောင်အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေး
Jan 21,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း(၄၅၀)ကို ယမန်​နေ့က ရေပူကြီးကျေးရွာအုပ်စုရေပူကြီးကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများပေးအပ်
Jan 21,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး များနှင့် တာဝန်ရှိသူတို့က အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ခြင်းနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ တွင် ထောက်ပံ့ပေးအပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။