မိုးကုတ် ဇန်နဝါရီ ၂၁
မိုးကုတ်မြို့နယ် ထင်းရှူးတောင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန် က ကျင်းပခဲ့ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ စားလှယ်ဦး စောသောင်းတင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦး၊ မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မင်းသိုက် တို့နှင့် ဌာနဆိုင်ရာအကြီးအကဲတို့မှ တက်ရောက်ကာဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မန္တလေးတိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရံပုံငွေဖြင့် တည်ဆောက်ခဲ့သည့် မိုးကုတ်မြို့နယ် ထင်းရှူး တောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနသို့ အဆောက်အဦမှတ်တမ်းများ လွှဲပြောင်းပေးအပ်ကာ ကျေးလက်ကျန်းမာရေး ဌာနခွဲ တည်ဆောက်ထားသည့် မြေနေရာ(ဝ.၅)ဧကရှိ ကျေးရွာပိုင်မြေနေရာအား ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်ဦးစောသောင်းတင်မှ အဖွင့်အမှာစကား ပြောကြားကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမိုးဦးမှ အမှာစကားပြောကြားပြီး ကျေးရွာ ဒေသခံ ရပ်မိရပ်ဖ ဦးဗျာပီးမှ ကျေးဇူးတင်စကား ပြောကြား ခဲ့သည်။တဆက်တည်း အလှူရှင်များကိုလည်းဂုဏ် ပြု မှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
ကျော်ဇေယျာမြင့်