ကန်ပက်လက်မြို့နယ် ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ(DMO)အဖွဲ့ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရေး ကော်မတီမှ Trekking လမ်းကြောင်း သစ်လုပ်ငန်း စတင်ရန် ဆွေးနွေး

ကန်ပက်လက် ဇန်နဝါရီ ၂၁

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့၌ ခရီးစဉ်ဒေသဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ (DMO) ကော်မတီမှ ရှာဖွေထားသော ဝိတိုရိယ(ခေါနူးစုမ်)တောင် ၁၀ မိုင် ၁ ဖာလုံမှ တောင်ထိပ်အထိ ၄ မိုင် ၂ ဖာလုံခန့်ရှိသော Trekking လမ်းကြောင်းသစ် လုပ်ငန်းစတင် အကောင်အထည်ဖော်နိုင်ရန်အတွက် အကောင်အထည်ဖော်ဆောင်ရေး ကော်မတီ ဖွဲ့စည်းပြီး ယမန်နေ့က ကန်ပက်လက်မြို့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ လုပ်ငန်း အကောင်အထည်ဖော်ရေး ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါကော်မတီတွင် အဖွဲ့ဝင် ဦးပါဝင်ပြီး လမ်းကြောင်းသစ် ရှင်းလင်းခြင်း၊ လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူခြင်း၊ မိုင်တိုင်များစိုက်ထူခြင်း၊ နားနေဆောင်များ ဆောက်လုပ်ခြင်း စသည့် ကိစ္စရပ်များ အကောင်အထည်ဖော်ရေး ဆွေးနွေး ခဲ့ကြခြင်းဖြစ်ပြီး ဇန်နဝါရီ နောက်ဆုံးပတ်တွင် လုပ်ငန်းများစတင် အကောင်အထည်ဖော် ဆောင်ရွက်ရန် ညှိနှိုင်း ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

မီရိမ်(ပြန်/ဆက်)