ကျိုက်ထိုမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး ဒုတိယအသုတ် (ပထမ)အကြိမ်ထိုးနှံပေး

ကျိုက်ထို  ဒီဇင်ဘာ ၁၇

ကျိုက်ထိုမြိုနယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးသော ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေး ဒုတိယအသုတ်(ပထအကြိမ်)ကို ယနေ့ နံနက်ပိုင်းတွင် အထက(၁)ကျောင်း၌ ထိုးနှံပေးခဲ့သည်။

ထိုသို့ထိုးနှံပေးရာတွင် ကျိုက်ထိုမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်း (၁၅၈)ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေး ဦးစီးဌာန၊ ပညာရေးဌာနတို့ ပူးပေါင်း၍ အသက် ၁၂)နှစ်အထက် ကျောင်းသား/သူများအား စုရပ်နေရာများဖြစ်သော အထက(၁)၊ အထက(ကင်မွန်းချောင်း)၊ အထက(ကျိုက္ကသာ)၊ အထက(စစ်တောင်း) ကျောင်းတို့တွင် ကိုဗစ်-၁၉  ကူးစက်ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် (၂)ရက်ကြာ ထိုးနှံပေး‌ခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးခဲ့ရသော ကျောင်းသား၊ ကျောင်းသူများအား ဒုတိယအသုတ် (ပထမအကြိမ်) အဖြစ်ထိုးနှံပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကာကွယ်‌ဆေး လာရောက်ထိုးနှံသည့် ကျောင်းသား၊ ကျောင်းသူများအား မိဘအုပ်ထိန်းသူများ၏ ခွင့်ပြုချက်ဖြင့် ထိုးနှံပေးပြီး လတ်တလောဖျားနာခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ အခြားရောဂါဖြစ်ပွားနေသည့် ကျောင်းသား/ ကျောင်းသူများကို ကျန်းမာရေး ဝန်ထမ်းများနှင့် ဆရာ/ဆရာမများက စီစစ်၍ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထိုးနှံပေးရာ အခြေခံပညာ ကျောင်း(၁၄)ကျောင်းမှ ကျန်ရှိကျောင်းသူ၊ ကျောင်းသား (၅၃၀)ဦး လာရောက်ထိုးနှံကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)