မိုင်းလုံ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို)စာအုပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ယခုလို စာအုပ်စာစောင်ပြပွဲကျင်းပရခြင်းသည် ကလေးငယ်များ၏စိတ်တွင် လွတ်လပ်ရေးနေ့ကို အမြဲအမှတ်ရနေစေရန်နှင့်လွတ်လပ်ရေး ကျောင်းသား/ကျောင်းသူများအား အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ သုတ၊ရသစာအုပ်စာစောင်များကို ကျန်းမာရေး ဝန်ကြီးဌာန ၏ လမ်းညွှန်ချက်နှင့်အညီ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)