ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့ရှိ ဝေးလံခေါင်ဖျားဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေး
Dec 21,2021
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊ တောင်ပြိုလက်ဝဲမြို့ရှိ ဝေးလံခေါင်ဖျားသော ပြည်သူများအား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေဦး ဦးဆောင်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တော ခရိုင်ရုံးမှ ခရိုင်ဦးစီးမှူး ဒုတိယညွန်ကြားရေးမှူး ဦးဆန်းအောင် ၊မြို့နယ်ဦးစီးမှူး ဦးကျော်ရှိန် နှင့် ခရိုင်/မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်း စီမံချက်ဖြင့် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ ပြည်သူ များ အား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများအား ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၉ နာရီ အချိန်က တောင်ပြို့လက်ဝဲမြို့၊ အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။