ဖားကန့် ဒီဇင်ဘာ ၂၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာရှိ ဥရုချောင်းကူး သံဘောင်ဘေလီတံတားသည် ဒီဇင်ဘာ (၁၈)ရက် ည(၇)နာရီခွဲခန့်က ကျိုးကျမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဘိလပ်မြေအိတ်(၅၀၀) တင်ဆောင်လာသော (Nissan)အမျိုးအစား ၁၂ဘီးယာဉ်သည် လုံးခင်းသံဘောင် ဘေလီတံတား ပေါ်တွင်ဖြတ်သန်းနေ စဉ်ကျိုးကျ ခဲ့ခြင်းဖြစ်သည်။
ယင်းသံဘောင်ဘေလီတံတားသည် လမ်းဦးစီးဌာနအပိုင် လမ်းပေါ်တွင် တံတားအထူးအဖွဲ့ (၁)မှ တာဝန်ယူ ဆောက်လုပ်ခဲ့သည့် တံတားအမှတ် (၁/ ၄၄)အရှည်ပေ (၄၁၀)ရှိ ကွန်ကရစ်တံတားဖြစ်ပြီး တံတားခံနိုင်ဝန် (၁၃)တန်နှင့် အောက်ယာဥ်များ ဖြစ်သန်းသွားလာ ရမည့် တံတားဖြစ်ကြောင်း၊ အဆိုပါ တံတားကျိုးကျမှုကြောင့် ယာဉ်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်းနှင့် သိရသည်။
မြို့နယ်(ပြန်/ဆက်)