ကျောက်မဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများအား အများပြည်သူအသိပညာပေး ပြသဆောင်ရွက်

ကျောက်မဲ ဒီဇင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများကို အများပြည်သူ ကြည့်ရှုနိုင်ရန် အတွက် ယမန်နေ့နေ့လယ်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ နံရံကပ်စာစောင် များ၌ ပြသခဲ့ကြောင်း သိရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နေ့သည့် မှတ်တမ်းဓါတ်ပုံများ၊ ဦးတည်ချက် ၉ ရပ်တွင် ပါဝင်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆောင်ရွက်ချက်မှတ်တမ်းဓါတ်ပုံများ ပါဝင်သော ဗီနိုင်းပိုစတာများအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ပြသဆောင်ရွက်ထားကြောင်း သိရသည်။

မိုင်းထွန်း (ပြန်/ဆက်)