Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိုင်းယောင်းမြို့၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 29,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် ဒေသခံပြည်သူ ၁၇၅ ဦး လာရောက်ထိုးနှံကြောင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မန့်ဟီးရိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်
Dec 29,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိတ္ထီလာမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာများနှင့် အခြေခံပညာအထက်တန်း ကျောင်းများတွင် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်
Dec 29,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်ကျေးရွာ များတွင် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများ၊ အိမ်ထောင်စုလူဦးရေးစာရင်း ဆောင်ရွက်လိုသူများနှင့် အခြေခံပညာ အထက်တန်းကျောင်းများရှိ အသက် ၁၆ နှစ်ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေး ကတ်မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီ အချိန်က အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် ဇောင်ချမ်းကုန်း ကျေးရွာအုပ်စုတို့တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကုန်စည်စီးဆင်းမှုမြန်ဆန်စေမည့် ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်တို့ ဆက်သွယ်ထားသည့် သခွပ်မြစ်တံတားသစ် တည်ဆောက်မှု ပြီးစီး
Dec 29,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်နှင့် ကော့မှူးမြို့နယ်ချင်း ဆက်သွယ်ထားသော ဒလ-သခွပ်-လက်ခုပ်ကုန်း-ကညင်းကုန်း လမ်းမကြီးပေါ်ရှိ သခွပ်မြစ်တံတားသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့-၃၊ တံတားအထူးအဖွဲ့(၁၁)မှ တာဝန်ယူတည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် သခွပ်မြစ်တံတားသစ်မှာ တည်ဆောက်မှုပြီးစီးနေပြီးဖြစ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဇေယျာသီရိမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများ ဆက်လက်ဆောင်ရွက်
Dec 29,2021
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇေယျာသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့နံနက်ပိုင်း က ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 29,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များကို ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်း များကို ဆောင်ရွက်ခဲ့ကြ သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့လူထုအခြေပြုဗဟိုဌာန၌ (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲပြုလုပ်
Dec 29,2021
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ (၇၄) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်း အမှတ်အကြို အလယ်တန်းအဆင့်စိတ်ကြိုက်ပုံပြင်ပြောပြိုင်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပင်းတယမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်
Dec 29,2021
မြန်မာနိုင်ငံတွင်းသို့ ပြည်ပမှ ပြန်လာသူ ၄ ဦးထံမှ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်အိုမီခရွန် အတည်ပြုရောဂါ ပိုးတွေ့ရှိပြီးနောက် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးနှိုးဆော် ခြင်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22073
Page
22074
Page
22075
Page
22076
Current page
22077
Page
22078
Page
22079
Page
22080
Page
22081
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department