သတင်းများ

ကြို့ပင်ကောက်မြို့တွင် ဆောင်းသီးနှံစိုက်တောင်သူများအား ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေ များ ထုတ်ချေးပေးလျက်ရှိ
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းသီးနှံစိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေးများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ တောင်သူ ၉၉၄ ဦးအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးထားပြီး ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် PPE ဝတ်စုံများ လှူဒါန်း
Dec 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်း တမံ ဆောင်ရွက်နေသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် နှစ်ရှည်ပင်စိုက်ပျိုးရေးအဖွဲ့မှ PPE ဝတ်စုံ ၃၅ စုံကို ယနေ့နံနက်ပိုင်းက လာရောက်လှုဒါန်းကြောင်း သိရသည်။
မင်းလှမြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများကျင်းပ
Dec 30,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများကို အ.ထ.က မင်းလှ (မြို့တွင်း)၊ (မြို့ပြင်) ကျောင်းနှင့် အ.လ.က လမ်းမတော်တို့ကျောင်းတို့၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျောင်းများရှိ အားကစားကွင်းများ၌ ဆရာ/ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မိုင်းငေါ့မြို့တွင် အသက် (၁၂)နှစ် အထက် ကျောင်းသား/သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး    
Dec 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinovac အမျိုးအစား ကာကွယ်ဆေး အသက် (၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီးရှိ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးများစိုက်ထည့်
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရွှေမုဋ္ဌောဘုရားကြီးအနီးဆိပ်ကမ်းမှ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲအချိန်က ကျင်းပသည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အကြို မြို့နယ်အဆင့် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲကျင်းပ
Dec 30,2021
(၇၄)နှစ်​မြောက်လွတ်လပ်​ရေး​နေ့အကြို မြို့နယ်အဆင့်​ကျောင်း​ပေါင်းစုံ အားကစားပြိုင်ပွဲကို ယ​​မန်နေ့နံနက်(၈)နာရီအချိန်က ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Dec 30,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်‌ကူးစက်ပြန့်ပွားမှုကို ကာကွယ် ထိန်းချုပ်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ည‌နေ ၄ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နမ့်ခမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းအား ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်
Dec 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါမျိုးကွဲသစ် အိုမီခရွန်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။