သတင်းများ

ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Jan 03,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာပေး နှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာတွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက် 
Jan 03,2022
မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် အစိမ်းရောင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန် နေ့နံနက်က ကုန်းကြီးဂွေ့ကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ နမှ သိရသည်။
ဇန်နဝါရီ ၄ရက်နေ့တွင်ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေ
Jan 03,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ယမန်နေ့  နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးမြို့ လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ် ဈေး၊ ကိုဗစ်-၁၉ ရောကာကွယ်ဆေးထိုးသည့် ရွှေစည်းခုံဘုရား ဝေဇယန္တာဗိမ္ဗာန်တော်ကြီးရှိ ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Jan 03,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က စတင်၍ တောင်သာ အ.ထ.ကကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်၌ စိုက်ပျိုးထားသော  စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 03,2022
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာ၊ ကွင်းအမှတ်(၁ဝ၅)၊ ဦးပိုင်အမှတ် (၈၂)ရှိ တောင်သူဦးပြေအေး၏ ယာမြေ (၄) ဧကတွင်  စိုက်ပျိုး ရေးဦးစီးဌာနက ကြီးကြပ်စိုက်ပျိုးထားသော  စပ်မျိုးနေကြာ မျိုးစေ့ထုတ် စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုထံက သိရသည်။
ထိုင်းနိုင်ငံထွက်(ယိုးဒယား)သရက်သီးများ ညောင်ဦး၊ ပခုက္ကူဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက်လာ
Jan 03,2022
ထိုင်းနိုင်ငံထွက် (ယိုးဒယား)သရက်သီးများ မန္တလေးတိုင်းဒေသကြီ၊း ညောင်ဦးမြို့‌ဈေးကွက်နှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့အမှတ်(၁)၊ မြို့မဈေးကြီးသို့ လှိုင်လှိုင်ဝင်ရောက်လာပြီဖြစ်ကြောင်း သရက်ချဉ်ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သည့် ဒေါ်စောမြတ်မွန်ထံက သိရသည်။
ကိုဗစ်-၁၉ရောဂါကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူတစ်ဦး၏ရင်တွင်းစကားသံ
Jan 02,2022
ကော့မှူး  ဇန်နဝါရီ    ၂  ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇ‌ ပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များပူး ပေါင်း၍ရန်ကုန် တောင်ပိုင်းခရိုင်‌ ကော့မှူးမြို့နယ်အတွင်းကိုဗစ်-၁၉ မျိုးရိုးဗီဇ‌ ပြောင်းအိုမီခရွန်(Omicron)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံအချို့ကိုဖော်ပြ လိုက်ရပါသည်-
သံဖြူဇရပ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ
Jan 02,2022
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက် ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။