ဇန်နဝါရီ ၄ရက်နေ့တွင်ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များဖြန့်ဝေ

ညောင်ဦး  ဇန်နဝါရီ   ၃

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းအား ယမန်နေ့  နံနက် ၉ နာရီခွဲ အချိန်က ညောင်ဦးမြို့ လူစည်ကားရာနေရာများဖြစ်သည့် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ်ဈေး၊ ကိုဗစ်-၁၉ ရောကာကွယ်ဆေးထိုးသည့် ရွှေစည်းခုံဘုရား ဝေဇယန္တာဗိမ္ဗာန်တော်ကြီးရှိ ပြည်သူများသို့ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၄ နှစ်မြောက် လွတ်လပ်ရေး နေ့အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် မြန်မာ့လွတ်လပ်ရေးကာလ တစ်လျှောက်ချုပ်ဆို ခဲ့သောစာချုပ်များဖြစ်သည့် ကန္နီစာချုပ်၊ အောင်ဆန်-အက်တလီစာချုပ်၊ ပင်လုံစာချုပ်၊ လကျ်ာ-ဖရီးမင်းစာချုပ်၊ နု-အက်တလီစာချုပ်များ၊ ၁၉၄၆ခုနှစ် ဇန်နဝါ ရီ ၂၀ရက်၊အလယ်ပစ္စယံ ညီလာခံ၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားသည့် အမျိုးသားညီညွတ်ရေးမိန့်ခွန်း ကောက်နှုတ် ချက်၊ ၇၄နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားဦးတည်ချက်(၄)ရပ်၊ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ရက် ပထမဆုံးသော လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဝန်ကြီးချုပ်ဦးနုပြောကြားခဲ့သည့် လွတ်လပ်ရေးကို ကာကွယ်ရမယ် မိန့်ခွန်းကောက်နှုတ်ချက်၊ လွတ်လပ်ရေးနှင့် အချုပ်အခြာ မျိုးချစ်အား နှင့် ကာကွယ်ပါ၊ ကာတွန်း လှထွဋ်ဦး၏ လွတ်လပ်ရေးရယူခဲ့ရသည့် သရုပ်ဖော်ကာတွန်း၊ ကဗျာဆရာ ဖိုလေးလုံးသောင်း ကိုကို၏တို့များ ဆင်မြန်း လွတ်လပ်ပန်း၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ (၆)လပြည့်၊ နိုင်ငံတော်တာဝန်ထမ်းဆောင်ခဲ့မှုနှင့်ပတ်သတ်၍ ပြည်သူတွေရဲ့ အင်အားသည်သာ အဓိက မိန့်ခွန်းကောက်နှုတ်ချက်၊ ကမ္ဘာတည်သရွေ့ စောင့်ရှောက်၊ သွေးစည်းချစ်ကြည် လက်ချင်းဆက် လွတ်လပ်ရေးသည်တို့အသက် စသည့်ခေါင်းစဉ်များ ပါဝင်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ထုတ်ဝေသည့် ၇၄ နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များအား ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ချိုချိုမာနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုထိန်၊KPD