ကော့မှူး ဇန်နဝါရီ ၂
ကိုဗစ်-၁၉ရောဂါမျိုးရိုးဗီဇ ပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ ပရဟိတအဖွဲ့များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များပူး ပေါင်း၍ရန်ကုန် တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းအိုမီခရွန်(Omicron)ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက် ပြန်လည်ကျန်းမာလာသူ တစ်ဦး၏ ရင်တွင်းစကားသံအချို့ကိုဖော်ပြ လိုက်ရပါသည်-
ကျွန်တော်နာမည်က ဦးကိုလေးပါ။အသက်(၆၇)နှစ်ပါ။ မြို့သစ်ရပ်ကွက်မှာနေပါတယ်။ ဇူလိုင်လ ၅ရက်နေ့လောက်မှ ကိုဗစ်ရောဂါစဖြစ်တာပါ။ အဲဒီမတိုင်ခင်ငါးရက်လောက်က မိုးမိပြီးညဘက်မှာကိုယ် တွေလက်တွေကိုက်ခဲလာပါတယ်။ နောက်တစ်နေ့မှာအဖျားကြီးပြီး ရာသီတုပ်ကွေးပုံစံ ဖြစ် ပေါ်ခံစားလာရတယ်။ နှာပိတ်ခြင်း၊ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း ဝေဒနာတွေခံစားရတယ်။ အစားအသောက်ကအရသာမရှိဘူး၊ စားမဝင်အိပ်မပျော်ခြင်းနှင့် အနံ့အရသာတွေပျောက်သွား တယ် ဒါနဲ့အိမ်ထဲမှာအခန်းခွဲပြီး (၂၁)ရက်ကြာကုသတယ် အစားအစာများများစားတယ် အချိန် မှန်အိပ်တယ် ဘာသာရေးလည်းပိုလုပ်ဖြစ်တယ်၊ Vitamin C Vitamin D ဆေးဝါးတွေကို ဆရာဝန်ညွှန်ကြားချက်အတိုင်း အချိန်မှန်မှန်သောက်တယ်။ ဒီလိုနဲ့ စဖြစ်တဲ့ အချိန်က အရမ်းကြောက်မိတယ်။ ကျွန်တော်အနေနဲ့ ပြောချင်တာကတော့ အိပ်ရေးဝဝအိပ်ပါ။ အားရှိတဲ့အစား အစာကို အချိန်မှန်မှန်စားပါ။ ကိုဗစ်-၁၉ရောဂါသံသယ လက္ခဏဖြစ်ပေါ်လာပါကလုံးဝ မကြောက်ပါနဲ့ စိတ်ကိုတင်းထားပါ။ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီနေထိုင်ပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပါ။ကိုယ် လက်လေ့ကျင့် ခန်း တစ်ခုခုလုပ်ပါ။ကျွန်တော်ကတော့အခုဆိုရင်ကိုဗစ်-၁၉ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးပြီ၊ ဒါပင်မဲ့ဆေးထိုးပြီး လည်းကျန်းမာရေးဝန်ကြီးဌာနမှညွှန်ကြားချက်အတိုင်းလိုက်နာကြရရန်၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားပါကစနစ်တကျကုသ ပါလို့ပြောချင်ပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
ကျော်သူရ(ကော့မှူး)