သံဖြူဇရပ်မြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

သံဖြူဇရပ်  ဇန်နဝါရီ    ၂

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့်(၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပိုက် ကျော်ခြင်းပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲကို ဌာနဆိုင်ရာများမှ အသင်း (၆)သင်းတို့က အုပ်စုနှစ်အုပ်စုခွဲ၍ပတ်လည်ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲတွင်  ကျိုက္ခမီရဲတပ်ဖွဲ့ အသင်းနှင့်ပညာရေးဌာနအသင်းတို့ယှဉ်ပြိုင်ခဲ့ကြပြီး ကျိုက္ခမီရဲတပ်ဖွဲ့အသင်းက အနိုင်ရရှိခဲ့သည်။

ဆက်လက်၍ဆု​ပေးပွဲကို ကျင်းပရာပထမဆုရရှိသောကျိုက္ခမီရဲတပ်ဖွဲ့အသင်းအား မြို့နယ်လျှပ်စစ် အင်ဂျင်နီယာမှူး နှင့်ဒုတိယဆုရရှိသောပညာရေးဌာနအသင်းအား မြို့နယ်အားကစားမှူးတို့က ဆုများချီးမြှင့်ပေးကြသည်။

စုပေါင်းအားကစား ပြိုင်ပွဲများ ကျင်းပပေးခြင်းဖြင့် ဌာနဆိုင်ရာဝန်ထမ်းများအချင်းချင်း ရင်နှီးချစ်ကြည် စည်းလုံးညီညွှတ်မှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း၊ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများကို ဇန်နဝါရီ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အေးအေးမွန်(ပြန်/ဆက်)