သတင်းများ

မတ္တရာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်
Jan 03,2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) ၁/၂၀၂၂ သင်တန်းကို ယနေ့နံနက် ၉ နာရီက ရေနံ့သာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာမွေမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ
Jan 03,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ယခင်ကထက် မီးသတ်စွမ်းရည်၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ ပိုမိုကျွမ်းကျင်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို တာမွေမြို့နယ် မီးသတ် စခန်းတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ် ခဲ့သည်။
(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများဗိုလ်လုပွဲများနှင့်ဆုချီးမြှင့် ခြင်းအခမ်းအနားကျင်းပ
Jan 03,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့သည်။
နမ္မတူတွင် ကိုဗစ်-၁၉ ရောဂါ မျိူးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အများပြည်သူ အသိပညာပေး ဆောင်ရွက်
Jan 03,2022
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိူးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်း ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူ မြို့နယ် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့သည်။        
မုံရွာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်ဓါတ်ပုံ ပြပွဲပြသခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်
Jan 03,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်ဓါတ်ပုံပြပွဲနှင့် လက်ကမ်းစာစောင် အခမဲ့ ဖြန့်ဝေခြင်းများကို ယနေ့ နံနက် ၈ နာရီခွဲအချိန်က (၇၄ )နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ညောင်ဦးမြိုနယ်တွင် (Omicron)အပါအဝင် ကိုဗစ်-၁၉ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေးနှိုးဆော်
Jan 03,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ဗီဇပြောင်း(Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုလျော့ကျစေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လူစည်ကားရာနေရာများသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက် လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ်၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်ဖြန့်ဝေ
Jan 03,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်ကို ယနေ့ နံနက် ၈ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခြခံပညာ အထက်တန်းကျောင်းများနှင့်ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကမမောင်းမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နေ့လည်ပိုင်းက  ဒေသခံ ပြည်သူများကျောင်းသားကျောင်းသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။