မုံရွာမြို့၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်ဓါတ်ပုံ ပြပွဲပြသခြင်းနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်

မုံရွာ ဇန်နဝါရီ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်ဓါတ်ပုံပြပွဲနှင့် လက်ကမ်းစာစောင် အခမဲ့ ဖြန့်ဝေခြင်းများကို ယနေ့ နံနက် နာရီခွဲအချိန်က (၇၄ )နှစ်မြောက် လွတ်လပ်ရေးနေ့အကြို  ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်လျက်ရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပြည်သူ့အားကစားကွင်းအတွင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ နံရံကပ်ဓါတ်ပုံပြပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လုပ်ငန်းစဉ်()ရပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက် ()ရပ်မှတ်တမ်း ဓါတ်ပုံများအပါအဝင် စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ဒေသတွင်း ဖွံ့ဖြိုးရေး ဆောင်ရွက်ချက် မှတ်တမ်းဓါတ်ပုံများ၊ " ပန်းခင်း" စီမံချက်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုကတ်၊ နိုင်ငံသားမှတ်ပုံတင်ကတ် ဆောင်ရွက်ပေးမှု မှတ်တမ်းဓါတ်ပုံများ၊ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓါတ်ပုံများနှင့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို မုံရွာ၊ ချောင်းဦး၊ ဘုတလင်မြို့နယ်များမှ အခြေခံပညာ ကျောင်းများ၏ အားကစားပြိုင်ပွဲများကျင်းပမှု၊ ဆုချီးမြှင့်မှု မှတ်တမ်း ဓါတ်ပုံများကို ပြသထားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို နံရံကပ်ဓါတ်ပုံပြပွဲကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုနှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊  စစ်ကိုင်းတိုင်း ဒေသကြီးရုံးနှင့် မုံရွာခရိုင်ရုံးတို့က ပူးပေါင်း ဆောင်ရွက်ပြသခဲ့ခြင်းဖြစ်ပြီး ပြပွဲအခမ်းအနားသို့ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အားကစားပြိုင်ပွဲဝင် လူငယ် မောင်မယ်များ၊ အားကာသိပ္ပံ( မုံရွာ)မှ ကျောင်းသား၊ ကျောင်းသူလေးများနှင့် အားကစားပြိုင်ပွဲလာဒေသခံ ပြည်သူများ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုံချုပ်မှ ပေးပို့သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် သတင်းစကား  လက်ကမ်း စာစောင်များကို မုံရွာခရိုင်ရုံးမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။

မြင့်နိုင်စိုး(ပြန်/ဆက်)