မတ္တရာ ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) ၁/၂၀၂၂ သင်တန်းကို ယနေ့နံနက် ၉ နာရီက ရေနံ့သာကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရသိန်းမှ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးချမ်းငြိမ်းသူမှ မီးသတ်တပ်ဖွဲ့ဝင်များ အမိန့်နာခံ တတ်ပြီး စည်းကမ်းကောင်းမွန်သော မီးငြိမ်းသတ်နည်းစနစ်များ နားလည်တတ်ကျွမ်းသော မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရန်ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလတွင် လိုက်နာရမည့်စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲ တပ်ဖွဲ့မှူးနှင့် မြို့နယ်မီးသတ်စခန်းမှ ဦစီးမှူးနှင့် တာဝန်ရှိသူများ၊ အရန်မီးသတ်တပ်ခွဲမှူးများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဇန်နဝါရီလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)