နမ္မတူ ဇန်နဝါရီ ၃
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိူးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံနိုင်ရေး (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်း ကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် နမ္မတူရပ်ကွက်နှင့် ပန်ဟိုက်ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ဝန်ထမ်း များက ကိုဗစ်-၁၉ ရောဂါမျိူးကွဲသစ် အိုမီခရွန်ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် နမ္မတူ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမဖြစ်မနေ မိမိအိမ်တွင်း၌ သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှလာသော ဧည့်သည်များကို လက်မခံရန်၊ မိမိတို့မှလည်း သူတစ်ပါးအိမ်သို့ သွားရောက်ခြင်းမပြုရန်၊ မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်၍ ၆ ပေအကွာမှ ခပ်ခွာခွာနေရန်၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) မတပ်ဆင်ထားသောသူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ် ခြင်းမှ ရှောင်ကျဉ်ရန်၊ လူစုလူဝေးပြုလုပ်သွားလာခြင်းကို ရှောင်ကြဉ်ကြရန်၊ မိမိတို့နေအိမ်များ အား လေဝင်လေထွက် ကောင်းစေရန်အတွက် ပြူတင်းတံခါးများ ဖွင့်ထားရန်၊ နေအိမ်ပြင်ပက ပြန်လာပြီးတိုင်း လုပ်ဆောင်ရမည့် နည်းလမ်းများ၊ မိမိကိုယ်ကို သံသယလက္ခဏာ တစ်စုံတစ်ရာ ခံစားရပါက နီးစပ်ရာကျန်းမာရေးဌာန၌ စစ်ဆေးကုသမှုခံယူရန် စသည်ဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြ ရန်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၁၈)နှစ် နှင့် အထက် တိုင်းရင်းသားပြည်သူများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံနိုင် ရေး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
လူမော် (ပြန်/ဆက်)