(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲများဗိုလ်လုပွဲများနှင့်ဆုချီးမြှင့် ခြင်းအခမ်းအနားကျင်းပ

သရက်ချောင်း    ဇန်နဝါရီ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၂၀၂၂ ခုနှစ် (၇၄)နှစ် မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့် ခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃)နာရီအချိန်က ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်၀န်ထမ်းများ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ ကြည့်ရှုအားပေးပြီး ပထမဆုကို မြို့မ All star အသင်း၊ ဒုတိယဆုကို U 17 ၊ တတိယဆုကို ဌာနဆိုင်ရာအသင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးနွယ်၀င်း