၇၄ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကီလို(၂၀)စက်ဘီးစီးပြိုင်ပွဲ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

ပုသိမ်  ဇန်နဝါရီ  ၄

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ကီလို(၂၀)စက်ဘီးစီးပြိုင်ပွဲကို ယမန်နေ့နံနက် (၇)နာရီက၊ ပုသိမ်မြို့အဝင်ဒိုက်ထူဂိတ်မှ စတင်တာလွှတ်ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တာလွှတ်သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက်ပြိုင်ပွဲဝင်များသည် အဆိုပါနေရာမှ တောင်ပေါ်လမ်း၊ ကမ်းနားလမ်းမှကျောက်ငူအထိ ကျောက်ငူမှကမ်းနားလမ်း၊ မဟာဗန္ဓုလလမ်းအတိုင်း ကီလို(၂၀)စီးနင်းကြပြီး ကိုးသိန်း အားကစားကွင်းရှေ့တွင် ပန်းဝင်ကြသည်။

အဆိုပါပြိုင်ပွဲတွင် ပြိုင်စက်ဘီးပြိုင်ပွဲ၊ ရိုးရိုးစက်ဘီးပြိုင်ပွဲတို့ပါဝင်ပြီး အမျိုးသား(၂၅)ဦး၊ အမျိုးသမီး(၁၂)ဦး၊ စုစုပေါင်း(၃၇)ဦးတို့ ယှဉ်ပြိုင်ကြကာ ပထမဆု(၅)သောင်း၊ ဒုတိယဆု(၃) သောင်း၊ တတိယဆု(၂)သောင်း၊ စတုတ္ထနှင့်ပဉ္စမဆုများ အတွက် (၁)သောင်းကျပ်စီအား လွတ်လပ်ရေးနေ့တွင် ချီးမြှင့်သွားမည်ဖြစ်သည်။

၎င်းအပြင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပုသိမ်မြို့ ကိုးသိန်းအားကစား ကွင်းတွင် ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဘောလီဘောပြိုင်ပွဲ၊ လွန်ဆွဲ၊ ထုတ်စီးထိုး၊ အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ၊ ချောတိုင်တတ်နှင့် ခေါင်းအုန်းရိုက်စသည့် ပြိုင်ပွဲအမျိုး အစား(၉)မျိုးအား ကျင်းပသွားမည်ဖြစ်သည်။

ကိုတွတ်(ပြန်/ဆက်)