ညောင်ဦး ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ အသက်၁၂နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်အထိ ၁၄၁၉၀ ဦးထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း ညောင်ဦးခရိုင် အခြေခံပညာဦးစီးဌာန၊ ခရိုင်ပညာရေးမှူး ဒေါ်စုစုခင်(ဒုတိယညွှန်ကြားရေး မှူး)ထံက သိရသည်။
ညောင်ဦးခရိုင်တွင် အသက်၁၂နှစ်နှင့်အထက် ကျောင်းသားကျောင်းသူများအား သတ်မှတ်စုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆေးခွဲတမ်းရရှိသည့်အပေါ်မူတည်ကာ အသက် ၁၂နှစ်နှင့်အထက် ကျောင်းသားကျောင်းသူ များအား ၂၀၂၁ခုနှစ်၊ အောက်တိုဘာ ၁၇ရက် နေ့မှစတင်ထိုးနှံပေးခဲ့ရာ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပထမသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ၂၀၅၄ဦး၊ ကျောက်ပန်းတောင်း မြို့နယ်တွင် ပထမအသုတ် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီး ၄၃၄၄ဦးရှိပြီး အသက်၁၂နှစ်နှစ်အထက် ပထမအသုတ် ထိုးနှံပြီးသူ ၆၃၉၈ဦး ထိုးနှံပေး ပြီးဖြစ်ကြောင်း၊ ညောင်ဦးခရိုင်၊ ညောင်ဦး မြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ၂၅၁၃ဦး ၊ကျောက်ပန်းတောင်းမြို့နယ်တွင် ဒုတိယအသုတ် ပထမအကြိမ် ၅၂၇၉ ဦး ထိုးနှံးပေးပြီးဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှစ်ကြိမ်လုံးထိုးပြီးသူ ၆၃၉၈ဦးနှင့် ညောင်ဦးခရိုင်တွင် ဒုတိယအသုတ် ပထမအကြိမ်ထိုးပြီးသူ ၇၇၉၂ ဦးထိုးပေးပြီဖြစ်ကြောင်း၊ ညောင်ဦးခရိုင် ပညာရေးမှူးဒေါ်စုစုခင် (ဒုတိယညွှန်ကြား ရေးမှူး)ကပြောကြား၍ သိရသည်။
ကိုထိန်၊KPD