နွားထိုးကြီးမြို့နယ်၌ ကိုဗစ် - ၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်

နွားထိုးကြီး ဇန်နဝါရီ ၂၄

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်- ၁၉ မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာ ကွယ်ရေးဆိုင်ရာ အချက်များကို အများပြည်သူမျာ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော် ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အိမ်အပြင်ထွက်လျင်ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ ဆက်ဆံရပါကမျက်နှာ အကာ (Face shield) ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တပ်နိုင်သမျှ ခပ်ခွာခွာနေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေး ရှောင်ပါ၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်အခန်းများ အဲကွန်းခန်းများ လေဝင်လေထွက် မကောင်း သော အခန်းများသို့ သွားရောက်ခြင်းမှ အတက်နိုင်ဆုံး ရှောင်ကြဉ်ပါ၊ အိမ်အပြင်ထွက်လေ့ရှိသူများအနေဖြင့် အိမ်ရှိ အသက် (၆၀) နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို၊သွေးတိုး၊ နှလုံးစသည့် နာတာရှည်ရောဂါရှိ သူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ပါ စသည့် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပေး နှိုးဆော်ချက်များကို အများပြည်သူများသိရှိစေရန် ရည်ရွယ်၍ အသံချဲ့စက်ဖြင့် လိုက်လံ အသိပညာပေး နှိုးဆော်ခြင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်