အိမ်မဲမြို့နယ် Community Centre ခန်းမတွင် “လူကုန်ကူးမှုနှင့်အန္တရာယ်ရှိသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် "လူကုန်ကူးမှုနှင့် အန္တရာယ်ရှိသောရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို Women Club အဖွဲ့ဝင်များဖြင့် ယနေ့မွန်းလွဲ (၁)နာရီအချိန်က ​ပြုလုပ် ခဲ့ကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက စာဖတ်ဝိုင်ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်ပြီး ​ပြန်/ဆက်ဦးစီးမှူးနှင့် Women Club အဖွဲ့ဝင်များက “လူကုန်ကူးမှုနှင့် အန္တရာယ်ရှိသော ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ” စာအုပ်မှ "လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအချက်အလက် များ"၊ "လူကုန်ကူးရောင်းဝယ်မှုအခြေအနေနှင့် အမျိုးအစားများ"၊ "လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေနှင့် လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်း" ခေါင်းစဉ်များဖြင့် အတွေးအခေါ်၊ ထင်မြင် ယူဆချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချစ်သက်လယ်