တောင်တွင်းကြီးမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show) ကျင်းပ

တောင်တွင်းကြီး ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီခွဲက မြို့နယ်ပြန်/ဆက်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး Talk Show တွင် မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဒေါ်အေးမိုးမိုးမြင့်က မိတ်ဆက်စကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးစောမောင်က မီးသတ် ဦးစီးဌာန၏ ရည်မှန်းချက်တာ၀န်များ၊ မြို့နယ်အတွင်း မီးသတ်စခန်းခွဲ ဖွင့်လှစ်ထားရှိမှု အခြေအနေများ၊ ယာဉ်၊ စက်နှင့် ၀န်ထမ်းအင်အားအခြေအနေများ၊ ၀န်ထမ်းများအား လေ့ကျင့်ပေးမှု အခြေအနေများ၊ မီးသတ်ဦးစီးဌာန၏ လက်တလောလုပ်ငန်း ဆောင်ရွက်ချက်များ၊ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁ ခုနှစ်အတွင်း မီးလောင်ကျွမ်းခဲ့မှု အခြေအနေများ၊ ပွင့်လင်းရာသီရောက်ပြီ ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် လိုက်နာရမည့် အချက်များအား အကျယ်တဝံ့ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)