မရမ်းကုန်းမြို့နယ်၌ အသက်၄၀နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

မရမ်းကုန်း ​ဒီဇင်ဘာ ၁၆

ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်း မြို့နယ်အတွင်းရှိ​ ပေါ်​တော်မူဘုရားဝင်းနှင့် အမျိုးသားပြန်လည်သန်စွမ်း​ရေး​ဆေးရုံတို့၌ ယနေ့နံနက် ၉:၃၀နာရီ အချိန်မှ စတင်ကာ အသက်၄၀နှစ်နှင့်အထက် မိဘပြည်သူများနှင့် ဦးတည်အုပ်စုမျာအား ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ဆေး ဆက်လက်ထိုးနှံ​ပေးလျက်ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆေးထိုးနိုင်ရန် နေရာများ စီစဉ်ထားရှိခြင်းနှင့် ဆေးထိုးပြီးသူများ ခေတ္တနားနေရန် နေရာများ စီစဉ်ထားရှိခြင်း စသည့် လုပ်ငန်းများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)