တွံ​တေး၌အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါပိုး ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်​ရေး အသိပညာ​ပေး နှိုးဆော်ခြင်း​ဆောင်ရွက်

တွံတေး ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ ဗီဇပြောင်းရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေး နှိုးဆော်ခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဝန်ထမ်းများနှင့်မြို့နယ် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်​ ၉ နာရီအချိန်က ကျွန်းတောရပ်ကွက်၊ ကံသာယာမိုးညှင်းတို့၌ အသိပညာပေး နှိုးဆော်ခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နှိုးဆော်အသိပညာပေးဆောင်ရွက်ရာတွင် ပြည်သူများအနေဖြင့် အိုမီခရွန်(Omicron) အပါအဝင် ကိုဗစ်- ၁၉ ဗီဇပြောင်းရောဂါပိုးများ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကူးစက်မှုမရှိ​​စေ​ရေး၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အိမ်တွင်း၌သာ နေထိုင်ရန်၊ မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာ နေထိုင်ရန်၊ လူစုလူဝေး ပြုလုပ်သွားလာခြင်း ရှောင်ကြရန်၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာနှင့် အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးရန်၊ ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်ပြီး ဆေးကုသမှု ခံယူရန်နှင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများအနေဖြင့် ကိုဗစ်ကာ ကွယ်ဆေး ထိုးနှံကြရေးစသည့် အချက်များကို အသိပညာ​ပေး လှည့်လည်နှိုးဆော်ခဲ့​ကြောင်း သိရသည်။

တွံတေးသား