သတင်းများ

ညောင်တုန်းမြို့နယ်၊ တောင်သူလယ်သမားဆေးရုံအတွင်းရှိ အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 15,2021
ဧရာဝတီတိုင်း‌ဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ၊ တောင်သူ လယ်သမားဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသရေးနှင့် အခြားသောကုသရေးများတွင် အောက်စီဂျင်လိုအပ်‌သောလူနာများ လုံလောက် စွာရရှိစေရန်ရည်ရွယ်၍ “နေကြာ” မွေးမြူရေး လုပ်ငန်းမှ တစ်ဦးတည်းအလှူရှင်အဖြစ် တည်ဆောက်လှူဒါန်းသည့် Mobile Oxygen Plant 20Nm³(Containerized) အမျိုးအစား အောက်စီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂နာရီ အချိန်ခန့်က ကျင်းပခဲ့သည်။
တောင်တွင်းကြီးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် လုပ်ငန်းများအောင်မြင်စွာ အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရေး ကျေးရွာအရောက်ကွင်းဆင်းဆောင်ရွက်
Dec 15,2021
ပန်းခင်းစီမံချက်ဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ က ပြည့်ညင်ကျေးရွာအုပ်စု၊ ပြည့်ညင်ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးရုံးသို့ရောက်ရှိပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အမ်းမြို့နယ်၌ (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားကျင်းပ
Dec 15,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ ၂၀၂၁ခုနှစ် (၄၇)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၇ နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။
ဝမ်းတွင်းမြို့နယ်ကိုဗစ်၁၉ရောဂါကာကွယ်ဆေးSinopharmနှင့်Sinovacအားဆက်လက်ထိုးနှံပေး
Dec 15,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသ  ခံပြည်သူများ၊ကျောင်းသား/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinopharm နှင့် Sinovacအား FirstDose၊SecondDoseထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၈)နာရီ အချိန် ကမြို့နယ်ခန်းမတွင်ဒေသခံ ပြည်သူများအားဆက်လက် ထိုးနှံပေးခဲ့ကြောင်းသိရသည်။
တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ်ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး
Dec 15,2021
မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းကို    ယနေ့ နံနက်(၉)နာရီအချိန်က    စတင်၍      တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမနှင့်စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်အား ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ် ဆေးများ မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်
Dec 15,2021
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါများ လျော့ကျစေရန် နှင့် နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် ရောဂါအား ကြိုတင် ကာကွယ်နိုင်ရန် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည် နှိုးဆော်ခဲ့ကြသည်။
မရမ်းကုန်းမြို့နယ် ကြက်​​ခြေနီအသင်းခွဲ အ​ခြေခံ​​​ရှေးဦးပြုစုခြင်း သင်တန်းအမှတ်စဉ် (၂/၂၀၂၁) ဖွင့်လှစ်
Dec 15,2021
ရန်ကုန်တိုင်း​​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲက အ​ခြေခံ​ရှေးဦးပြုစုခြင်းသင်တန်း အမှတ်စဉ် (၂/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယမန်​နေ့ နံနက် ၉ နာရီ အချိန်မှ စတင်ကာ အမှတ် (၁)ရပ်ကွက်၊ ပဌာန်းဓမ္မာရုံ၌ ဖွင့်လှစ်ခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါကင်းဝေးစေရန် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 15,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် တစ်ကြိမ်မျှ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဒေသခံပြည်သူများကို ယမန်နေ့နေ့လည်ပိုင်းက ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်း ကမ်းချက်များ နှင့်အညီစနစ်တကျ ဆက်လက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။