မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်အား ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ် ဆေးများ မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်

မင်းဘူး ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါများ လျော့ကျစေရန် နှင့်   နောက်ထပ် ကူးစက်ဖြစ်ပွားလာသည့် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲသစ် ရောဂါအား ကြိုတင် ကာကွယ်နိုင်ရန် ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများသို့ လှည့်လည် နှိုးဆော်ခဲ့ကြသည်။

ထိုကဲ့သို့ နှိုးဆော်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့မှ ဝန်ထမ်းများက မင်းဘူး(စကု)မြို့နယ် အတွင်းရှိ ရွေတပင်၊ ထောက်ရှာပင် ဖလံရုံ၊ နန်းတော်ကုန်း စသောကျေးရွာများသို့ အသိပေး နှိုးဆော်ခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ယခုလက်ရှိ Phase-3 ဒုတိယအကြိမ် ဆေးထိုးပြီးသည်အထိ ကာကွယ်ဆေး ထိုးနှံပြီးသူပေါင်း ၆၀၃၄၀ ဦးနှင့် ကျောင်းသား/ကျောင်းသူ ထိုးနှံပြီးသူပေါင်း ၆၇၅၀ ဦးခန့် ထိုးပြီးသွားပြီ ဖြစ်သော်လည်း  Phase-5 ပထမအကြိမ် မထိုးရသေးသူများ မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ကန်ဦး သဘာဝတရားရိပ်သာတို့တွင် လာရောက် ထိုးနှံကြရန် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)